January 24, 2019

ဒမ်ဒရိုဘီယမ် သစ္စာ

"The Dendrobium Faith"

Like beautiful orchits,Dendrobium
Bloom my love for you only.

For being refreshed,
Long for your kisses.

Even though as a dream,
Wanna bloom yearningly.

Waiting for falling down ,
If you wish it fall to ground.

Waiting for my chance to try,
For you to make shiny smile .

Wish to blossom with my love
Up to entire plant by my heart.

Min Nay
23. Jan, 2019
Translated by pupil Jupiter

ဒမ်ဒရိုဘီယမ် သစ္စာ
__________________

ချစ် သ မျှ ကို …သစ် ခွ လို …

မင်း အ တွက် ရည် စူး … ဖူး ပွင့် ခဲ့ သူ…။

လန်း စေ ဖွယ် …အ နမ်း ခြွေ လှည့်

စိတ် ကူး နဲ့ …ဝေ ဆို ဝေ

ခြွေ လို လျှင် …ကြွေ ကာ မြေ ခ

အ ခွင့် ရ ရင်…ချစ် သူ ပြုံး ဖို့

ပင် လုံး ကျွတ်…ပွင့် ပြ ချင် သူ …။

(မင်းနေ)
၂၀၁၉ ၊ ဇန်နဝါရီ  ၂၃




March 16, 2018

သောကမျက်ရည် ရက်ရှည်အလွမ်း



သောကမျက်ရည် ရက်ရှည်အလွမ်း
____________________________

ရှုံးနေကျမို့ ပြုံးနေရသူပါကွယ
အမုန်းဆိုတာ အလွှာပါးပေမယ့်
ကမ္ဘာခြားသလို ထင်မိတယ်
မြဲတစ်သက်တိုင် ကတိတွေယှက်နွယ်
တွဲလက်မခိုင် အသိတွေပျက်ပြယ်
ခွဲရက်နိုင်သူက သစ္စာလွဲဖယ်....။

လန်းစေဖွယ် အနမ်းတွေရယ် ခြွေဘူး
ပန်းခရေငယ် ကြွေမှာစိုးတယ်
စမ်းရေသဖွယ် စေတနာအလှမျိုးနဲ
နွေပမာ ဝေဒနာနှစ်ဆတိုးလေမှ
ရင်တနင့်နင့် တလွင့်လွင့်ကြွေ
ပွင့်စေသူ ပင်ယံအဝေးမှာ
မွှေးနံ့သာ……ပြယ်

မေတ္တာလမ်းမှာ စမ်းလျှောက်ခါ
အချစ်ကဗျာကမ်းလာသူ တစ်ယောက်ပါ
အနှစ်ဗလာ ဂုဏ်ဒြပ်ဆိုတာမရှိ
အပြစ်အနာဆာ ပုံအပ်မိလေတော့
ကျွမ်းရက်ရှည် ဒေသနာသဘောနဲ့
အလွမ်းရွက်ကြွေ ဝေဒနာတောမှာ
အနမ်းသက်သေ ဖွေရှာမောရင်း
သောကရင်မှာ……ဝေရှာပြီ။

အသစ်ရှာပစ်ထား မထောက်ညှာ
မေတ္တာစစ်သမား တစ်ယောက်မှာ
နှစ်တစ်ရာဖြစ်မလား မကြောက်ပါဘူး 
တစ်ယောက်သောသူ ပြန်မလာမေ့ပြီထင့်
လျှောက်သောသူ သံသရာတကွေ့မှာမှ
ပျောက်သောသူ ပြန်ရှာတွေ့ရင်ပေါ့
နွမ်းရက်ရှည် ကမ်းလက်တွေလှမ်းမလာခဲ့ရင်
သြော်...………အချစ်ရယ်
လွမ်းမျက်ရည်က…စွေရွာပြီ။

(မင်းနေ)
22.8.2016

April 1, 2016






တွဲဖက်အရောင်


တွဲဘက်အရောင်
==========

မင်းထွန်းညှိလိုက်တဲ့အကြည့်မှာ
ငါဟာပိုးဖလံတစ်ကောင်ပေါ့
ပြန်ဖွပ်ရင် ဖြူစင်နိုးနဲ့မှားခဲ့တာအကြိမ်ကြိမ်
တစ်တောလုံး ဝေနေချိန်တောင်
မင်းအတွက်ဆို ကြွေချင်နေတုန်း
မိုးခါးရေအစား လက်ယက်တွင်းလေးနဲ့
တစ်ဘဝစာ နောင်တတွေဖူလုံသွားပြီ့
အချစ်ဆိုတဲ့ခလုတ်အနှိပ်မှာ့
အလွမ်းကထိန်လို့။

လွတ်မှာကြောက်တဲ့ ငါး
တီကောင်အစား ချောကလက်နဲ့မျှားမိတယ်
စုန်ဆင်းဖို့ဆိုတာ  အတိမ် အနက်ကိုမသိမှပေါ့
အိုး အိုးချင်းထိဖို့ ကြိုး ကြိုးချင်းငြိဖို့
ခုထိ့အထားအသိုမတတ်ခဲ့တာ
သေချာတယ့်မနက်ဖြန်ရောက်ဖို့အရေး
လမ်းညွှန်ဆိုင်းဘုတ်လိုက်ရှာနေတုန်း ။

မင်းနေ

ဆန္ဒ