Art Gallery

March 16, 2018

သောကမျက်ရည် ရက်ရှည်အလွမ်း



သောကမျက်ရည် ရက်ရှည်အလွမ်း
____________________________

ရှုံးနေကျမို့ ပြုံးနေရသူပါကွယ
အမုန်းဆိုတာ အလွှာပါးပေမယ့်
ကမ္ဘာခြားသလို ထင်မိတယ်
မြဲတစ်သက်တိုင် ကတိတွေယှက်နွယ်
တွဲလက်မခိုင် အသိတွေပျက်ပြယ်
ခွဲရက်နိုင်သူက သစ္စာလွဲဖယ်....။

လန်းစေဖွယ် အနမ်းတွေရယ် ခြွေဘူး
ပန်းခရေငယ် ကြွေမှာစိုးတယ်
စမ်းရေသဖွယ် စေတနာအလှမျိုးနဲ
နွေပမာ ဝေဒနာနှစ်ဆတိုးလေမှ
ရင်တနင့်နင့် တလွင့်လွင့်ကြွေ
ပွင့်စေသူ ပင်ယံအဝေးမှာ
မွှေးနံ့သာ……ပြယ်

မေတ္တာလမ်းမှာ စမ်းလျှောက်ခါ
အချစ်ကဗျာကမ်းလာသူ တစ်ယောက်ပါ
အနှစ်ဗလာ ဂုဏ်ဒြပ်ဆိုတာမရှိ
အပြစ်အနာဆာ ပုံအပ်မိလေတော့
ကျွမ်းရက်ရှည် ဒေသနာသဘောနဲ့
အလွမ်းရွက်ကြွေ ဝေဒနာတောမှာ
အနမ်းသက်သေ ဖွေရှာမောရင်း
သောကရင်မှာ……ဝေရှာပြီ။

အသစ်ရှာပစ်ထား မထောက်ညှာ
မေတ္တာစစ်သမား တစ်ယောက်မှာ
နှစ်တစ်ရာဖြစ်မလား မကြောက်ပါဘူး 
တစ်ယောက်သောသူ ပြန်မလာမေ့ပြီထင့်
လျှောက်သောသူ သံသရာတကွေ့မှာမှ
ပျောက်သောသူ ပြန်ရှာတွေ့ရင်ပေါ့
နွမ်းရက်ရှည် ကမ်းလက်တွေလှမ်းမလာခဲ့ရင်
သြော်...………အချစ်ရယ်
လွမ်းမျက်ရည်က…စွေရွာပြီ။

(မင်းနေ)
22.8.2016

No comments:

Post a Comment