Art Gallery

April 1, 2016

တွဲဖက်အရောင်


တွဲဘက်အရောင်
==========

မင်းထွန်းညှိလိုက်တဲ့အကြည့်မှာ
ငါဟာပိုးဖလံတစ်ကောင်ပေါ့
ပြန်ဖွပ်ရင် ဖြူစင်နိုးနဲ့မှားခဲ့တာအကြိမ်ကြိမ်
တစ်တောလုံး ဝေနေချိန်တောင်
မင်းအတွက်ဆို ကြွေချင်နေတုန်း
မိုးခါးရေအစား လက်ယက်တွင်းလေးနဲ့
တစ်ဘဝစာ နောင်တတွေဖူလုံသွားပြီ့
အချစ်ဆိုတဲ့ခလုတ်အနှိပ်မှာ့
အလွမ်းကထိန်လို့။

လွတ်မှာကြောက်တဲ့ ငါး
တီကောင်အစား ချောကလက်နဲ့မျှားမိတယ်
စုန်ဆင်းဖို့ဆိုတာ  အတိမ် အနက်ကိုမသိမှပေါ့
အိုး အိုးချင်းထိဖို့ ကြိုး ကြိုးချင်းငြိဖို့
ခုထိ့အထားအသိုမတတ်ခဲ့တာ
သေချာတယ့်မနက်ဖြန်ရောက်ဖို့အရေး
လမ်းညွှန်ဆိုင်းဘုတ်လိုက်ရှာနေတုန်း ။

မင်းနေ

No comments:

Post a Comment