MIN NAY's Poems
Art Gallery
(Move to ...)
Art Gallery
▼
April 1, 2016
လွမ်းလို့ကောင်းတဲ့ရာသီစာ
___________________
နီးလာမလားဆိုတဲ့စိတ်နဲ့
ဝေးကွာခြင်းဆီပြေးထွက်ခဲ့တယ်
အလျားလိုက်ပဲဖြတ်ဖြတ်
ဒေါင်လိုက်ပဲဖြတ်ဖြတ်....
ဆုံမှတ်က...ဆုံမှတ်ပါပဲ....။
အရေခွံဘယ်နှစ်ကြိမ်လဲလဲ
အလွမ်းတွေဟောင်းနေတုန်း....
လွမ်းလို့ကောင်းနေတုန်း.....
မင်းရယ်သံကိုပြန်မျှားနေရတာလောက်
အကုသိုလ်ကင်းတဲ့ကျင့်စဉ်မတွေ့သေးဘူး...
စေတသိက်ရယ် မင်းရယ်ရှိနေရင်...
သံသရာလည်တာလောက်တော့ ပန်ကာလည်တာလောက်ပဲရှိတာ...။
ညဖြစ်မှတော့အမှောင်ကြောက်မနေနဲ့...တဲ့
အထားအသိုလွဲရုံနဲ့ကမ္ဘာပျက်စတမ်းဆို..
ဟီရီုရှီးမားကသက်သေပဲလေ...
ဧဝသာအစားမမှားခဲ့ရင် ဒီကဗျာရေးစရာကိုမလိုဘူး
ထားပါတော့...အရှုံးသမားမှန်ရင်
အလွမ်းကိုဘယ်တော့မှပိုင်းခြေမညှိဘူး....။
မင်းနေ
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment